မြန်မာ နဲ့ ထိုင်း နှစ်နိုင်ငံအကြား တရားဝင်ငွေလွှဲလုပ်ငန်းအတွက် ဧရာဝတီဘဏ် နဲ့ စိုင်ယမ်ကော်မာရှယ်ဘဏ် (ထိုင်း) ပူပေါင်းဆောင်ရွက်ဖို့ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၈ ရက်က နားလည်မှု သဘောတူစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ထိုင်းနိုင်ငံက မြန်မာအလုပ်သမားတွေနဲ့ ထိုင်း – မြန်မာနယ်စပ်တလျှောက်မှာရှိတဲ့ အသေးစားအလတ်စားလုပ်ငန်းတွေကို ဘဏ်ကတဆင့် ငွေပေးချေနိုင်ရေးအတွက် ရည်ရွယ်ပြီး စာချွန်လွှာကို ရေးထိုးခြင်း ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ နဲ့ မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်းဝန်ဆောင်မှု သုံးစွဲသူတွေအတွက် ထိုင်းဘတ် နဲ့ မြန်မာကျပ်ငွေကို တိုက်ရိုက်လဲလှယ် သုံးစွဲနိုင်ရေးအတွက် ပူပေါင်းလုပ်ဆောင်သွားဖို့ သဘောတူခဲ့ကြပါတယ်။
ရိုက်ကူး – အောင်ခိုင်မျိုး
တည်းဖြတ် – ငြိမ်းဇော်