ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်သို့ ခြေလျင်တောင်တက် ဘုရားဖူးကြသူ နည်းသွားသည့် ခြေလျင် တောင်တက်လမ်းကို အဆင်မြှင်တင်ဖော်ဆောင်ပေးဖို့ ဒေသခံများ လိုလားမှုရှိနေကြပါတယ်။
ကင်မွန်းစခန်းတောင်ခြေမှ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ရင်ပြင်တော်အနီးထိ တောင်တက်ကားလမ်းဖောက်လုပ်ပြီးနောက်ပိုင်း ဘုရားဖူးသူများမှာ ခြေလျင်တောင်တက်လမ်းကို အသုံးမပြုသလောက် နည်းပါးသွားတာ ယခုဆို ၁၀ စုနှစ်တခု အထိကြာခဲ့ပြီဖြစ်တာကြောင့် အချို့ဘုဖူးသူများမှာ ခြေလျင်တောင်တက်လမ်း မရှိတော့ဟု ထင်နေကြတာဖြစ်ပါတယ်။
ရိုက်ကူး/တည်းဖြတ် – ဉာဏ်စိုးဝင်း