ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချနေသော စားသောက်ကုန်များ မဖြစ်မနေ FDA မှတ်ပုံတင်ရန်အတွက် အစားအသောက်ဥပဒေကို ပြင်ဆင်ရေးဆွဲနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်ဇော်က ပြောပါတယ်။
လက်ရှိမှာတော့ FDA က ဈေးကွက်အတွင်းစားသောက်ကုန်တွေကို မှတ်ပုံတင်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ရှာဖွေစစ်ဆေးနေပြီးတော့ စားသုံးရန် မသင့်တာတွေ ရှိရင် အရေးယူနေတယ်လို့လည်း ၎င်းက ပြောပါတယ်။
အင်တာဗျူး – မိုးမိုး
ရိုက်ကူး – ကျော်မျိုး