ဒုဌ၀တီ Offroad Challenge ပြိုင်ပွဲလို့အမည်ရသည့် လမ်းကြမ်းမောင်း ကား၊ ဆိုင်ကယ် ပြိုင်ပွဲကို မန္တလေးမြို့အနီး ဒုဌ၀တီမြစ်ကမ်းနဘေး ၁၀မိုင်ကမ်းခြေ မန်ကျည်းအင်းရွာ၌ ဇန်နဝါရီ ၁၂ရက်နေ့တွင် ကျင်းပခဲ့သည်။
ယခင်နှစ်များက လမ်းကြမ်းမောင်း ဆိုင်ကယ်ပြိုင်ပွဲများသာကျင်းပခဲ့ပြီး ယခုဒုဌ၀တီ Offroad Challenge ပြိုင်ပွဲတွင် ထည့်သွင်းကျင်းပသည့် လမ်းကြမ်းမောင်း ကားပြိုင်ပွဲသည် မန္တလေးမြို့တွင် ပထမဆုံးအကြိ်မ်ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။
ရိုက်ကူး-ဇော်ဇော်
တည်းဖြတ်-ဝေနှင်းထွဋ်