ပြည်သူ့ငွေစာရင်းကော်မတီအနေနဲ့ လွှတ်တော်ကို အစီရင်ခံစာတင်သွင်းခဲ့ရာမှာ အစိုးရဌာနဆိုင်ရာ၊ စာရင်းစစ်ချုပ်၊ လွှတ်တော် မည်သူ့ဘက်ကိုမှ ဘက်မလိုက်ခဲ့တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ဘက်ပေါင်းစုံက သုံးသပ်ဝေဖန်နိုင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဌ ဦးတင့်လွင်က ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အပါအဝင် ဌာနဆိုင်ရာတွေရဲ့ အားနည်းချက်တွေကို ဝေဖန်ထောက်ပြထားတဲ့ စာရင်းစစ်ချုပ်အစီရင်ခံစာကို စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်မှာ လွှတ်တော်ကို တင်သွင်းခဲ့ပြီးတဲ့နောက် ပြည်သူ့ငွေစာရင်းကော်မတီကလည်း စာရင်းစစ်ချုပ်ရဲ့ ထောက်ပြချက်၊ ဌာနဆိုင်ရာတွေရဲ့ ပြန်လည်ဖြေရှင်းချက်၊ ကော်မတီရဲ့ အကြံပြုချက်တွေပါဝင်တဲ့ စာမျက်နှာ ၃၀၀ နီးပါးရှိတဲ့ အစီရင်ခံစာကို ဇန်နဝါရီလ ၁၃ ရက်မှာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
အင်တာဗျူး – သဇင်လှိုင်
ရိုက်ကူး/တည်းဖြတ် – ဇော်နောင်လင်း