Dateline Irrawaddy
ဒီတပတ် ဧရာဝတီရဲ့ ဒိတ်လိုင်းအစီအစဉ်မှာ ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ မဲပေးပိုင်ခွင့်ကို ရွေးကောက်ပွဲကော်မရှင်က အရေးတယူရှိရဲ့လား၊ ပြည်တွင်းရွှေ့ပြောင်းအလုပ်သမားတွေကို နေရာသစ်မှာ ရက် ၉၀ နေပြီးတာနဲ့ မဲထည့်ခွင့် ကော်မရှင်က ပေးခဲ့တာက နယ်မြေခံတွေအပေါ် တရားမျှတရဲ့လား စတာတွေကို ရွှေ့ပြောင်းအလုပ်သမားအရေး အဖွဲ့ဖြစ်တဲ့ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းရဲ့ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်၊ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်တို့နဲ့ ဧရာဝတီ မြန်မာပိုင်း အကြီးတန်းအယ်ဒီတာ ဦးရဲနည်က မေးမြန်းဆွေးနွေးထားပါတယ်။
ရိုက်ကူး – ကျော်သူရ၊ အောင်ခိုင်မျိုး
တည်းဖြတ် – ကျော်သူရ