Hunter Myanmar, Gust Myanmar, Thong Thai Textile, Myanmar Nissenken စက်ရုံ ၄ ရုံက အလုပ်သမားတွေဟာ လုံလောက်တဲ့ လစာနှုန်းထားသတ်မှတ်ပေးရေး၊ စက်ရုံတွင်း ဆန္ဒပြမှုကြောင့် အလုပ်သမားခေါင်းဆောင်တွေ အလုပ်ထုတ်ခံရတဲ့ ကိစ္စနဲ့ အလုပ်သမား ၈ ဦးကို အလုပ်ရှင်ဘက်က တရားစွဲဆိုထားတဲ့ ကိစ္စတွေကို အစိုးရက ဖြေရှင်းပေးဖို့ ဒီကနေ့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့ကတည်းက လှိုင်သာယာစက်မှုဇုန်မှာရှိတဲ့ စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေကြတာ ဖြစ်ပြီး အလုပ်ရှင်နဲ့ အလုပ်သမားကြား ပြေလည်တဲ့ ညှိနှိုင်းမှု မရသေးတာကြောင့် အခုလို ဆန္ဒပြရတာ ဖြစ်တယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။
ဒီစက်ရုံ ၄ ရုံက တရုတ်နိုင်ငံသား၊ ဂျပန်နိုင်ငံသား၊ ထိုင်းနိုင်ငံသား လုပ်ငန်းရှင်တွေ ပိုင်တဲ့ စက်ရုံတွေ ဖြစ်ပါတယ်။
ရိုက်ကူး/တည်းဖြတ် – ဇင်မိုးဝါ