တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်လိုက်တဲ့ အဆုတ်ရောင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် နယ်စပ်ဝင်ထွက်ပေါက်တွေ ပိတ်လိုက်ရပါတယ်၊ အဲဒီအတွက် နယ်စပ်ကုန်သွယ်ရေးမှာ ပို့ကုန်တွေ ရပ်တန့်ရုံသာမက သွင်းကုန်တွေလည်း ပြတ်လပ်ခဲ့ပါတယ်။
တရုတ်နိုင်ငံကို တင်ပို့ကုန်တွေထဲမှာ ဖရဲသခွားနဲ့ ရေထွက်ကုန် ဂဏန်းတင်ပို့မှုဟာ အထိအနာဆုံးလို့ ဆိုရမှာဖြစ်ပြီး၊ အထိနာနေတဲ့ ဖရဲသခွားလုပ်ငန်းနဲ့ ပတ်သက်ပြီး လက်ရှိအခြေအနေ၊ အစိုးရရဲ့ အကူအညီပေးမှု၊ တရုတ်တနိုင်ငံ တည်းကိုသာ မှီခိုနေရတဲ့ စျေးကွက်ကို ဘယ်လို ပြောင်းလဲမလဲ စတဲ့ အခြေအနေတွေကို ဧရာဝတီက ဖရဲသခွား စိုက်ပျိုးထုတ်လုပ်သူများ အသင်း ဥက္ကဋ္ဌ ဦးနိုင်ဝင်းကို တွေ့ဆုံပြီး မေးမြန်းတင်ဆက်ထားပါတယ်။
ရိုက်ကူး – ကျော်သူရ၊ အောင်ခိုင်မျိုး
တည်းဖြတ် – ကျော်သူရ