အဝေးသင်တက္ကသိုလ် ကျောင်းတက်ချိန် လစာမဲ့ခွင့် ၄၅ ရက်ပေးဖို့ အပါအဝင် လုပ်သက်ဆုကြေး၊ရက်မှန်ကြေး ခံစားခွင့်တွေ ရရှိရေးအတွက် လှိုင်သာယာက Lic – Jin ဖိနပ်စက်ရုံ အလုပ်သမားအယောက် ၂၀၀၀ ခန့်တို့ဟာ စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေကြပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကတည်းက စတင်ဆန္ဒပြနေကြတာ ဖြစ်ပြီး လက်ရှိအချိန်အထိ ပြေလည်မှု မရသေးပါဘူး။
ဒီလို အလုပ်သမားတွေ သပိတ်စခန်းဖွင့် ဆန္ဒပြနေကြတာနဲ့ ပတ်သက်ပြီး စက်ရုံတာဝန်ရှိသူတွေကို ဧရာဝတီသတင်းဌာနက အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားပေးခြင်း မရှိခဲ့ပါဘူး။
ရိုက်ကူး – အောင်ခန့်
တည်းဖြတ် -ဇင်မိုးဝါ