တရုတ်နိုင်ငံသားပိုင်အထည်ချုပ်စက်ရုံတွေဖြစ်တဲ့ မြန်ရီ၊ ဆီနိုဖော့နဲ့ SDI မှအလုပ်သမားများဟာ အလုပ်ထုတ်ပယ်ခံရခြင်း၊ လစာငွေဖြတ်တောက်ခံရခြင်းတို့နဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရရုံးမှာရန်ကုန်တိုင်းဝန်ကြီးချုပ်၊ အလုပ်သမားရေးရာဝန်ကြီး၊ အလုပ်ရှင်များနဲ့အတူ ဖေဖော်ဝါရီ ၂၆ရက်နေ့က သုံးပွင့်ဆိုင် တွေ့ဆုံညှိနှိုင်းခဲ့ကြသော်လည်း အဆင်ပြေမှု မရှိခဲ့ပဲ နောက်ထပ်တွေ့ဆုံညှိနှိုင်းမှုများ ထပ်မံ ပြုလုပ်ရဦးမှာ ဖြစ်ပါတယ်။
ရိုက်ကူး/တည်းဖြတ် – အောင်ခန့်