၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ ထိုင်းနိုင်ငံရောက် မြန်မာ့အလုပ်သမားများအနေနဲ့ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန် မဲပေးနိုင်မှုအတွက်ကို အတတ်နိုင်ဆုံး ကြိုးစားပေးသွားမယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖေဖော်ဝါရီ ၂၅ ရက်နေ့ကျင်းပသော လူထုတွေ့ဆုံပွဲမှာ ပြောဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာ့အလုပ်သမားများ၏ အလုပ်သမားအရေးကိစ္စများကိုလည်း ကူညီပေးရန်နှင့် ကာကွယ်ပေးရန်အတွက် မူဝါဒချမှတ်ထားကြောင်း ပြောဆိုခဲ့ပါတယ်။
ရိုက်ကူး/တည်းဖြတ် – ဉာဏ်စိုးဝင်း