တရုတ်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် တရုတ်နှစ်သစ်ကူးကာလပြီးနောက်ပိုင်း ကတည်းက အရောင်းအဝယ်ရပ်တန့်ခဲ့တဲ့ မူဆယ်ဖရဲသခွားစျေးကွက်
ဖေဖော်ဝါရီ ၂၀ ရက်နောက်ပိုင်းမှာ ပြန်လည်အသက်ဝင်လာပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း တရုတ်ပြည်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနဲ့အတူ နယ်မြေကန့်သတ်မှုတွေရှိတာကြောင့် တရုတ်နိုင်ငံ ဝမ်တိန်ပြည်နယ်မှာရှိတဲ့ ဖရဲကွင်းကို လာရောက်ဝယ်ယူသူမရှိတာကြောင့် ကုန်သည်အချို့ သိန်းရာချီဆုံးရှံုးမှုတွေရှိခဲ့ပါတယ်။
ယခုရက်ပိုင်းမှာတော့ တရုတ်နို်င်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်မှုအစပြုခဲ့တဲ့ ပြည်နယ်တချို့ကလွဲပြီး ပြည်နယ်အများစုကိုု ဖြတ်သန်းသွားလာခွင့်ပြန်လည်ပြုလိုုက်ပြီဖြစ်တဲ့အတွက်
တရုတ်ဝယ်လက်များလည်း မူဆယ်စျေးကွက်ကို ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။
လက်ရှိမှာ မူဆယ်စျေးကွက်ကို ဖရဲသခွားကားအစီးရေ ၁၅၀ ကျော်ခန့် နေ့စဉ်ဝင်ရောက်လျက်ရှိနေပြီး အရောင်းအဝယ်ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။
ရိုက်ကူး – ဇော်ဇော်
တည်းဖြတ် – ဝေနှင်းထွဋ်