ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဧရာဝတီတိုင်း၊ လပွတ္တာမြို့မှာရှိတဲ့ တုနှိုင်းမမှီ ထမင်းဆိုင်မှာ အသက် ၁၃ နှစ်အရွယ် စားပွဲထိုး ကလေးအလုပ်သမားကို ဆိုင်ရှင်က ဓာတ်ဆီလောင်း မီးရှို့ခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားသွားခဲ့ပြီးနောက် ဧရာဝတီတိုင်းက ကလေးလုပ်သားအရေးကို ပြည်သူတွေ မေးခွန်းထုတ်လာကြပါတယ်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ ILO ရဲ့ စာရင်းအရ မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးလုပ်ငန်း အများဆုံး လုပ်ကိုင်နေတဲ့ ဧရာဝတီတိုင်းဟာ ကလေးလုပ်သားဦးရေ အများဆုံးရှိနေတယ်လို့ ဆိုပါတယ်။
စားဝတ်နေရေး အခက်အခဲကြောင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေမှာ ပြဋ္ဌာန်းထားသလို အသက် ၁၄ နှစ်မပြည့်တဲ့ ကလေးတွေကို လုပ်ငန်းခွင်မှာ အလုပ်လုပ်ကိုင်ခွင့်မပေးဖို့ ဆိုတဲ့အချက်ကို မိဘတွေ ကိုယ်တိုင် ချိုးဖောက်နေတာဖြစ်ပြီး ဒီကိစ္စအပေါ် ဥပဒေအတိုင်း အရေးယူဖို့ဆိုတာက ဖြေရှင်းနည်း မဟုတ်ဘူးလို့ အစိုးရတာဝန်ရှိသူတွေက သုံးသပ်ပြောဆိုနေတာတွေလည်း ရှိပါတယ်။
အင်တာဗျူး – ဆလိုင်းသန့်ဇင်၊ ဇင်မိုးဝါ
ရိုက်ကူး/တည်းဖြတ် – ဇင်မိုးဝါ
#IRWLaborRights #အလုပ်သမားအခွင့်အရေး