မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့ရှိ မကျည်းကျေးရွာအုပ်စု အနီးပတ်ဝန်းကျင်မှ ဒေသခံများက မတ်လ ၁၄ ရက်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြပြီး ၎င်းတို့ဒေသအတွင်း သဘာဝပတ်ဝန်းကျင် ထိခိုက်စေမည့် စီမံကိန်းများ မဝင်ရောက်စေလိုကြောင်းနှင့် ဒေသခံဥယျာဉ်ခြံမြေများကို ပုံစံ (၇) ထုတ်ပေးရန် လိုအပ်နေကြောင်း ဒေသခံတွေက ဆိုပါတယ်။
မကျည်းကျေးရွာအုပ်စုသည် ယခင်အချိန်က မငြိမ်းချမ်းခဲ့တဲ့ နယ်မြေဒေသ ဖြစ်ခဲ့သောကြောင့် ဒေသခံများမှာ ဥယျာဉ်ခြံလုပ်ငန်းကို မိရိုးဖလာလုပ်ကိုင်လာကြရပြီး အများစုမှာ ယနေ့အချိန်ထိ မြေယာပိုင်ဆိုင်မှုအတွက် အထောက်အထားမရှိ ဖြစ်နေပါတယ်။
ယခုအခါတွင် ကုမ္ပဏီအချို့က မကျည်းကျေးရွာအုပ်စုထဲတွင် မြေယာများအား လိုက်လံဝယ်ယူနေခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်စေမည့် စီမံကိန်းများ ဝင်ရောက်လာမည်ကို ဒေသခံတွေက စိုးရိမ်းနေကြပါတယ်။
ရိုက်ကူး/တည်းဖြတ် – ဉာဏ်စိုးဝင်