မကွေးတိုင်းဒေသကြီး နတ်မောက်မြို့အနယ်အတွင်းရှိ ကျေးရွာတချို့တွင် သောက်သုံးရေရှားပါးမှုများနှင့် ကြုံတွေ့နေရကြောင်းသိရသည်။
နတ်မောက်မြို့နယ်အတွင်းရှိ ကြာကန်ကျေးရွာအပါဝင် အနီးနားရှိ ရွာများတွင် နွေဦးအစမှာပင် သောက်သုံးရေရှားပါးလျက်ရှိတာကြောင့် ပရဟိတအဖွဲ့များ ၊ အစိုးရအဖွဲ့များမှ ရေကားများဖြင့် နေ့စဉ်နီးပါးလှူဒါန်းလျက်ရှိသော်လည်း ပိုမိုပူပြင်းသည့်အချိန်တွင် ပိုမိုခက်ခဲလာမည်ကို ဒေသခံများ စိုးရိမ်လျက်ရှိသည်။
လက်ရှိအချိန်တွင် ရေလှူဒါန်းမှုသည် ဆေးမီးတိုနည်းသာဖြစ်ပြီး အစိုးရအနေနှင့် သောက်သုံးရေရှားပါးသည့်နေရာများကို စက်ရေတွင်းများ တူးဖော်ပေးရန် ဒေသခံများမှ လိုလားနေကြသည်။
ရိုက်ကူး – ဇော်ဇော်