မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်စစ်တပ် (AA) တိုက်ပွဲကြောင့် ကုလားတန်မြစ်ကြောင်းပေါ်က
ချင်း၊ ရခိုင် ရွာတွေဟာ စစ်ရှောင်အဖြစ် ပလက်ဝမြို့ပေါ် ယာယီနေထိုင်ခွင့် တောင်းဆိုခဲ့ကြပေမယ့် မြို့ပေါ်မှာ စစ်ရှောင်ဒုက္ခသည်စခန်း သီးခြားဖွင့်ထားတာ မရှိတဲ့အတွက် ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ဆွေမျိုးအိမ်တွေမှာ ညအိပ်ညတာ ခိုလုံနေကြရပါတယ်။
တချို့ရွာတွေကတော့ သူတို့နေအိမ်ဝန်းကျင်မှာပဲ ကတုတ်ကျင်းတွေ တူးပြီး နေကြတာ ဖြစ်ပါတယ်။
ရိုက်ကူး/တည်းဖြတ် – ငြိမ်းဇော်