မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် မြောက်ပြင် ဥပုယ်တော်ရပ်ရှိ နှစ်ပေါင်း (၁၅၀) ကျော်သက်တမ်းရှိ ရှေ့ဟောင်းသမိုင်းဝင်၊ ယောမင်းကြီးဦးဖိုးလှိုင် လှူဒါန်းခဲ့သည့် ယောမင်းကြီးအုတ်ကျောင်း၏ မျက်နှာစာရှေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ် NLD ရုံးဆောက်လုပ်နေမှုနှင့် ကျန်းမာရေးဝန်ထမ်းအိမ်ရာတည်ဆောက်နေမှု ကို မန္တလေးမြို့သူ/သားများနှင့် ဒေသခံပြည်သူများ ၊ ဆရာတော်သံဃာတော်များက ကန့်ကွက်နေကြောင်းသိရသည်။
အဆိုပါ တည်ဆောက်နေမှုကို လူမှုကွန်ယက် FB ပေါ်နှင့် ဒေသခံများ၊ ဆရာတော်သံဃာတော်များက ကန့်ကွက်နေကြသော် NLD ပါတီက အဆောက်အဦးကို ဆက်လက်တည်ဆောက်လျက်ရှိကြောင်းသိရသည်။
ရိုက်ကူး – ဇော်ဇော်
တည်းဖြတ် – ဇင်မိုးဝါ