မန္တလေးတိုင်းဒေသကြီးတွင် COVID-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သည့်အနေဖြင့် ဧပြီ ၇ ရက်နေ့မှ ၂၁ ရက်နေ့ထိ စက်ရုံ၊ အလုပ်ရုံများ ရပ်နားမည့်ကာလ၌ အနည်းဆုံးလုပ်ခလစာ အပြည့်ပေးရေး အလုပ်သမားများ တောင်းဆိုခဲ့ကြသည်။
ဧပြီ ၇ ရက်နေ့မှ စပြီး မရှိမဖြစ်လိုအပ်သည့် စားသောက်ကုန်၊ ဆေး၊ ဆေးပစ္စည်းထုတ်လုပ်ဖြန့်ဖြူးသည့် လုပ်ငန်းများ၊ စက်ရုံများမှအပ ကျန်လုပ်ငန်းများနှင့် ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းမျာ၊ ဟိုတယ်၊ တည်းခိုခန်းများကို ပိတ်သိမ်းရမည်ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ခဲ့ပြီးနောက် အလုပ်သမားများ ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
ဧပြီ ၆ ရက်က မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချူပ် ( MICS )တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအနေဖြင့် အလုပ်ရပ်နားထားသည့်ကာလတွင် ထောက်ပံ့ရေးအစီအစဉ်အတွက် ကျပ်သန်းတထောင် သုံးစွဲမည်ဟု ထုတ်ပြန်ကြေညာထားသော်လည်း စတင်ထောက်ပံ့မည်အချိန်နှင့် အရေအတွက်ကိုမူ ထုတ်ပြန်ထားခြင်းမရှိသေးပေ။
ရိုက်ကူး – ဒီလှိုင်းဝင်း
တည်းဖြတ် – ဇင်မိုးဝါ