အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၂ခုဖြင့် အမှုဖွင့်ခံရထားသော မန္တလေးအခြေစိုက် Voice Of Myanmar သတင်းဌာန အယ်ဒီတာချူပ် ကိုနေမျိုးလင်းက ထောင်အတွင်း ကျန်းမာရေးအကြောင်းပြပြီး တိုက်ပိတ်ထားခံတယ်လို့ ဆိုပါသည်။
၎င်း၏အမှုအတွက် ယနေ့ ချမ်းမြသာစည်မြို့နယ်တရားရုံးတွင် ဒုတိယအကြိမ်ချုပ်ရက်ရမန်ထပ်ယူ အပြီး တရားရုံးမှပြန်အထွက် သတင်းမီဒီယာများအား ပြောကြားခဲ့သည်။
မတ်လ ၃၁ ရက်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (က) နှင့် ၅၂ (က) တို့နှင့် ကိုနေမျိုးလင်းအား မန္တလေးတိုင်းဒေသကြီး သတင်းရဲတပ်ဖွဲ့မှ ဒုရဲမှူးခင်မောင်ဝင်းက တရားလိုပြုလုပ်တိုင်တန်းခြင်းဖြစ်ပြီး ယနေ့က တရားရုံးသို့ ရုံးထုတ်ကာ ဒုတိယအကြိမ်ချုပ်ရပ်ရမန်ထပ်ယူခြင်းဖြစ်တယ်လို့ ချမ်းမြသာစည်မြို့နယ် တရားရုံးသတင်းပြန်ကြားရေးအရာရှိ မြို့နယ်တရားသူကြီး ဦးကျော်စွာလင်း က ပြောပါသည်။
အစိုးရက မတရားအသင်းအဖြစ် သတ်မှတ်လိုက်သော ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (အေအေ) ၏ ပြောဆိုခွင့်ရှိသူ ခိုင်သုခနှင့်ဆက်သွယ်ပြီး ဗီအိုအမ်သတင်းဌာနတွင် မတ် ၂၇ ရက်၌ သတင်းဖော်ပြခဲ့မှုကြောင့် အခုလိုအမှုဖွင့်ခံရတာဖြစ်ပြီး လက်ရှိတွင် မန္တလေးအိုးဘိုအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရပါသည်။
ရိုက်ကူး – မြတ်ပြည့်ဖြိုး
တည်းဖြတ် – ဇင်မိုးဝါ