နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသည့် COVID -19 ကာကွယ်ကုသ ထိန်းချုပ်ရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ထုတ်ပြန်ထားသည့်အတိုင်း မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ဝင်ငွေနည်း အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း ၆ သိန်း ၆ သောင်းကျော်ကို ယေန့ ဧပြီလ ၁၀ ရက်နေ့မှ စ၍ ပေးဝေ လျက်ရှိသည်။
ဝင်ငွေနည်း အခြေခံလူတန်းစား အိမ်ထောင်စုတစုလျှင် ဆန် ၈ ပြည် ၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲ ၁ ပိသာ၊ ကြက်သွန် ၁ ပိသာ စသည့် အခြေခံစားကုန် ပစ္စည်း ၅ မျိုးတို့ကို ထောက်ပံ့ ပေးအပ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအတွင်း ယခုအကြိမ် ထောက်ပံ့မှုသည် ၉.၂ ဘီလျံ ကျော် ရှိနိုင်ကြောင်းသိရသည်။
ရိုက်ကူး – ဇော်ဇော်