လားရှိုးမြို့မှ အလုပ်လုပ်ကာ ပြန်လည်ရောက်ရှိလာကပြီး Home Quarantine အဖြစ်နေထိုင်နေသော မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အနှိပ်တော်ရပ်ကွက်ရှိ အမျိုးသားတဦးသည် အနံ့အာရုံ မရ၍ ဧပြီ ၂၈ရက် ည ၈နာရီ ၃၀မိနစ်အချိန်က ရပ်ကွက်သို့အကြောင်းကြားခဲ့သဖြင့် နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့ဖြင့် ဆေးရုံကြီးသို့ ပို့ဆောင်စစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါ အမျိုးသားသည် ဧပြီလ ၁၄ ရက်က လားရှိုးမြို့မှပြန်လည်ရောက်ရှိလာတာဖြစ်ကြောင်း နှင့် လူမှုကွန်ယက်များတွင် ပျံနှံ့နေသည့် တရုတ်ပြည်မှပြန်လာကာ ထီကားဖြင့် ထီရောင်းချနေသူမဟုတ်ကြောင်း ၎င်းနေအိမ်မှာပင် Home Quarantine အဖြစ်နေထိုင်နေသူဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းကပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် အဆိုပါအမျိုးသားမှာ လိုအပ်သည့် ဆေးစစ်ချက်များပြုလုပ်ကာ နေအိမ်မှာပင် Home Quarantine အဖြစ်ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ကြောင်းသိရသည်။
ရိုက်ကူး- ဇော်ဇော်