ပြည်တော်ပြန်တွေကို မြန်မာဘက်က အဆင်သင့်စောင့်ကြိုနေပေမယ့် ထိုင်းနိုင်ငံရဲ့ အရေးပေါ်အမိန့် တိုးမြှင့်ထုတ်ပြန်မှုကြောင့် ခရိုင်ဖြတ်သန်းခွင့်မရတဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရပြီး ပြည်တော်ပြန်ဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။
ပြည်တော်ပြန်ဖို့ မြန်မာရွှေ့ပြောင်းလုပ်သား ၂၅၀၀၀ ကျော် စာရင်းပေးထားပေမယ့် မေလ ၁ ရက်ကနေ မေလ ၄ ရက်အထိ ရွှေ့ပြောင်းလုပ်သား ၁၅၀ ကျော်သာ ပြန်ဝင်နိုင်ခဲ့ပြီး အများစုက မြဝတီမြို့နဲ့ အနီးကပ်ဖြစ်တဲ့ မဲဆောက်မြို့နဲ့ တာ့ခရိုင်အတွင်းက ဖြစ်ပါတယ်။
လက်ရှိမှာ ထိုင်းနိုင်ငံတဝန်းက မြန်မာလုပ်သားတွေ ပြန်လာနိုင်ဖို့ နှစ်နိုင်ငံဆွေးနွေးညှိနှိုင်းနေပေမယ့် သိသာတဲ့အပြောင်းအလဲကတော့ မရှိသေးဘူးလို့ ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောပါတယ်။
တည်းဖြတ် – ဇော်နောင်လင်း
ဓာတ်ပုံ – Tay Zar Aung ၊ Thant Zin Aung Facebook