ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လာကြတဲ့ ပြည်တော်ပြန်လုပ်သားအချို့ဟာ လမ်းခရီးမှာ ထိုင်းရဲအယောင်ဆောင်များက လိမ်ညာ ငွေညှစ်မှုတွေကြောင့် ငွေကြေးဆုံးရှုံးမှုတွေ ကြုံတွေ့နေရပါတယ်။
ထိုင်းနိုင်ငံမှာ ခရိုင်ဖြတ်ကျော်ခွင့်တွေ ပိတ်ပင်ထားတာကြောင့် မြန်မာနိုင်ငံကို ပြန်လာချင်တဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာ အခက်အခဲတွေ ဖြစ်ပေါ်နေပြီး မြဝတီမြို့ရောက်အောင် နည်းမျိုးစုံနဲ့ ကြိုးစားပြန်လာနေကြတာဖြစ်ပါတယ်။
မေလ ၁ ရက်ကနေ ဒီကနေ့ မေလ ၅ ရက်အထိ မြန်မာလုပ်သား ၁၅၀ ကျော်သာ ပြန်လာနိုင်သေးပြီး အများစုက မြဝတီမြို့နဲ့ အနီးဆုံးဖြစ်တဲ့ တာ့ခရိုင်ဒေသက လုပ်သားတွေပဲ ဖြစ်ပါတယ်။
တည်းဖြတ် – ဇော်နောင်လင်း
ဓာတ်ပုံ – Tay Zar Aung ၊ Thant Zin Aung Facebook
#IRWLaborRights #အလုပ်သမားအခွင့်အရေး