ဒီတပတ် ဧရာဝတီက တင်ဆက်ပေးသွားမယ့် Irrawaddy Online Buyer Guide အစီအစဉ်မှာတော့ အိမ်မှာပဲ ချက်စားချင်တဲ့သူတွေအတွက် ရေချိုရေငန် ပင်လယ်ထွက်အစားအစာတွေ၊ ကိုယ်တိုင်ချက်နိုင်မယ့် ကိုရီးယားဟင်းလျာတွေ၊ အသင့်ပြင်ဆင် စားသုံးနိုင်မယ့် Hot pot ဟင်းလျာတွေကို အိမ်အရောက်ပို့ဆောင်ပေးမယ့် အွန်လိုင်းဝန်ဆောင်မှုများနဲ့ မိတ်ဆက်ပေးသွားမှာပါ။
COVID-19 ကြောင့် အိမ်မှာပဲနေရင်း အစားအသောက်ကောင်းကောင်းတွေကို လွမ်းနေကြတဲ့သူတွေအတွက်၊ သန့်ရှင်းလတ်ဆတ်စွာ ကိုယ်တိုင်ပြင်ဆင်ချက်ပြုတ်လိုသူတွေအတွက် ဒီအိမ်အရောက်ဝန်ဆောင်မှုတွေက အဆင်အပြေဆုံးဖြစ်လာမှာပါ။
ယခုတစ်ပတ် Irrawaddy Online Buyer Guide အစီအစဉ်ကိုတော့ ဧရာဝတီဘဏ်မှ ပံ့ပိုးကူညီပေးတာဖြစ်ပါတယ်။
ရိုက်ကူး – အောင်ခိုင်မျိုး၊ ငြိမ်းဇော်၊ ကျော်သူရ
တည်းဖြတ် – ကျော်သူရ