တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆိုပြီး တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်က ထောင်ဒဏ် နှစ် ၃၀ အမိန့်ချလိုက်ပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ အရ နိုင်ငံရေးရာထူး လက်ရှိဖြစ်သူ (သို့) နိုင်ငံရေးရာထူး လက်ရှိ ဖြစ်ခဲ့စဉ်က မည်သူမဆို အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ၁၅ နှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပါတယ်။
ဒေါက်တာလဲ့လဲ့မော်ဟာ ဝန်ကြီးချုပ်အဖြစ် ၃ နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် အဂတိလိုက်စားမှုနဲ့ တရားစွဲဆိုခံရသူများအနက် ရာထူးအ မြင့်ဆုံးလည်း ဖြစ်ပါတယ်။