လစ်လပ်နေတဲ့ ရန်ကုန်တိုင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးနေရာအတွက် နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးကို ခန့်အပ်ဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယနေ့ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ အမည်စာရင်း တင်သွင်းခဲ့ပါတယ်။
ဦးရဲမင်းဦးဟာ စီးပွားရေး၊ ငွေရေးကြေးရေးနဲ့ ဘဏ်လုပ်ငန်းကဏ္ဍတွေမှာ အတွေ့အကြုံရှိသူတဦးဖြစ်ပြီး လက်ရှိမှာ Covid – 19 ကြောင့် မြန်မာ့စီးပွားရေးအပေါ်သက်ရောက်မှုများ ကုစားရေးလုပ်ငန်းကော်မတီရဲ့ လုပ်ငန်းအဖွဲ့ (Task Force) မှာ ဥက္ကဌ အဖြစ်လည်း တာဝန်ယူထားသူဖြစ်ပါတယ်။
တည်းဖြတ် – ဇော်နောင်လင်း
ဓာတ်ပုံ – Ye Min Oo Facebook