တော်လှန်ရေးကောင်စီလက်ထက်၊ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၈ ရက် မနက် ၃း၀၀ နာရီအချိန်မှာ ဖြစ်ပွားခဲ့တဲ့ သမိုင်းဝင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အအုံ ဖောက်ခွဲဖျက်ဆီးခံရမှုဟာ အခုဆိုရင် ၅၈ နှစ်ရှိခဲ့ပြီ ဖြစ်ပါတယ်။
၅၈ နှစ်မြောက် 7 July နေ့ အခမ်းအနားကို ရန်ကုန်တက္ကသိုလ် သမဂ္ဂ မြက်ခင်းပြင်မှာ ဒီကနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ကြပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ၊ ဒဂုံတက္ကသိုလ်ကျောင်းသား သမဂ္ဂ၊ အခြေခံပညာကျောင်းသား သမဂ္ဂ စတဲ့ ကျောင်းသားသမဂ္ဂတွေနဲ့ ၇၄၊ ၇၅၊ ၇၆ နိုင်ငံရေး အင်အားစုတွေ၊ ကျောင်းသားဟောင်းတွေက ပန်းခွေချ အလေးပြုခဲ့ကြပါတယ်။
ရိုက်ကူး/တည်းဖြတ် – ဇော်နောင်လင်း