ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကတည်းက တပ်မတော်နဲ့ တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ကွတ်ခိုင်မြို့နယ် ပန်ကူကျေးရွာအုပ်စုက ဒေသခံ ၆၀၀ ကျော်တို့ဟာ ပန်ကူစစ်ရှောင်စခန်းကို ပြောင်းရွှေ့နေထိုင်လာခဲ့ရတာ အခုဆိုရင် ၅ နှစ်ရှိသွားပါပြီ။
နယ်မြေမအေးချမ်းမှုကြောင့် မူရင်းနေထိုင်ရာကျေးရွာဆီ ပြန်သွားလို့မရနိုင်သေးတဲ့ ဒီအခြေအနေမှာ ပန်ကူစစ်ရှောင်စခန်းက တအန်းပြည်သူတွေဟာ စားဝတ်နေရေး အခက်အခဲတွေ ရှိနေသလို အလှူရှင် အဖွဲ့အစည်းတွေက ထောက်ပံ့မှုတွေ ရပ်ဆိုင်းလိုက်တော့မှာကိုလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။
စစ်ရှောင်စခန်းမှာ ရင်ဆိုင်နေရတဲ့ စားဝတ်နေရေး အခက်အခဲအပြင် ကလေးတွေရဲ့ ပညာရေးကိစ္စ၊ ကျန်းမာရေးလက်လှမ်းမမီတာတွေ၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေ စတဲ့ စိန်ခေါ်မှုတွေလည်း ရှိနေပါတယ်။
တိုင်းရင်းသားတွေ လိုချင်တဲ့ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပုံစံ၊ ဒေသခံတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး အခက်အခဲ၊ ဒေသဖွံ့ဖြိုးမှု အခြေအနေ စတာတွေနဲ့ ပတ်သက်ပြီး ကွတ်ခိုင်မြို့၊ ပန်ကူစစ်ရှောင်စခန်းက စခန်းတာဝန်ခံ၊ တအန်းတိုင်းရင်းသူ အမျိုးသမီး ဒေါ်အေးအိုနဲ့ ဧရာဝတီက တွေ့ဆုံမေးမြန်းထားပါတယ်။
အင်တာဗျူး – နန်းလွင်နှင်းပွင့်
ဓာတ်ပုံ – ထက်ဝေ
ရိုက်ကူး/တည်းဖြတ် – ဇင်မိုးဝါ
#IRWPeace&Ethnic#