၂၀၂၀-၂၀၂၁ခုနှစ် ပညာသင်နှစ်အတွက် မြန်မာတနိုင်ငံလုံးရှိ အထက်တန်းကျောင်းများကို ဒီကနေ့ ဇူလိုင်လ ၁၃ ရက်ကနေ ၁၇ ရက်နေ့အထိ ကျောင်းအပ်နှံရေး စတင်လက်ခံနေပြီ ဖြစ်ပါတယ်။
COVID-19 ရောဂါအခြေအနေကြောင့် ကျောင်းဖွင့်ချိန် နောက်ကျခဲ့ပေမယ့် ကျောင်းပြန်ဖွင့်တဲ့အချိန်မှာ လည်း သားသမီးတွေအတွက် စိုးရိမ်ပူပန်စိတ်တွေ မရှိဘူးလို့ ကျောင်းသားမိဘတွေက ပြောဆိုပါတယ်။ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် အထက်တန်းကျောင်းသားဟောင်းတွေက ဖုန်းနဲ့ ကျောင်းအပ် ရမှာဖြစ်ပါတယ်။
အလယ်တန်းတွေကိုတော့ လာမယ့် ဇူလိုင်လ၂၇ ရက်ကနေ ၃၁ရက်နေ့အထိ လက်ခံမှာဖြစ်ပြီး မူလတန်းကိုတော့ သြဂုတ် ၄ ရက်မှ သြဂုတ် ၇ ထိ သတ်မှတ်ထားကြောင်း သိရပါတယ်။
ရိုက်ကူး /တည်းဖြတ်- အဲမလီ