အဆိုတော် ယုန်လေးရဲ့ ငါတို့အားလုံးရဲ့မြေ (စည်းလုံး သင့်ပြီ မြန်မာပြည်) သီချင်းဗီဒီယိုကို ဘယ်အချိန်မှာ ဘယ်လိုပုံစံမျိုးနဲ့ ရိုက်ခဲ့တာလဲဆိုတာကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနဲ့ ပူးပေါင်းပြီး စစ်ဆေးသွားမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။
COVID 19 ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် လူစုလူဝေး မလုပ်ကြဖို့ တားမြစ်ထားတာတွေကြောင့် ရုပ်ရှင်ရိုက်ကူးရေးလုပ်ငန်းတွေကလည်း ရပ်ဆိုင်းထားရတဲ့ အခြေအနေဖြစ်နေလို့ အဆိုတော် ယုန်လေးရဲ့ ဒီသီချင်းဗီဒီယို ရိုက်ကူးမှုဟာ သက်ဆိုင်ရာက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီမှု ရှိ မရှိကို စုံစမ်းသွားမယ်လို့ သိရပါတယ်။
အင်တာဗျူး – အောင်သီဟ
တည်းဖြတ် – ဇင်မိုးဝါ