နှစ် ၇၀ ပြည့် ကရင့်အာဇာနည်နေ့ကို ဒီကနေ့ ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံမှာ ပြုလုပ်ခဲ့ပြီး အခမ်းအနားကျင်းပနေစဉ် ဦးဆေင်သူတွေဖြစ်တဲ့ စသိန်းဇော်မင်းနဲ့ စောဆာကွာလာတို့ ၂ ဦးကို ကျောက်တံတားမြို့နယ် ရဲစခန်းက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်က ကရင်အာဇာနည်နေ့ကို မဟာဗန္ဓုလပန်းခြံမှာ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းအစိုးရက ခွင့်မပြုခဲ့လို့ ဦးဆောင်သူ ၃ ဦးကို ငြိမ်းစုစီပုဒ်မ ၂၀ နဲ့ ထောင်ဒဏ် ၁၅ ရက်စီ ချမှတ်လိုက်ပါတယ်။
ရိုက်ကူး/ တည်းဖြတ် – ဇင်မိုးဝါ