ဖက်ဆစ်ဂျပန်တို့ လက်နက်ချခဲ့တာ ဒီကနေ့ သြဂုတ် ၁၅ ရက်နေ့ ဆိုရင် ၇၅နှစ် ပြည့်ပြီ ဖြစ်ပါတယ်။ ဂျပန်တွေအနေနဲ့ မြန်မြန်ဆန်ဆန် လက်နက်ချလိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ခဲ့ပေမယ့် ဟီရိုးရှီးမားနဲ့ နာဂါစကီမြို့ကြီးတွေကို အမေရိကန်က အနုမြူဗုံးကြဲချခဲ့ပြီးနောက် ဂျပန်ဧကရာဇ် ဟီရိုဟီတိုက လက်နက်ချကြောင်း ကြေညာခဲ့ပါတယ်။
ဒါကြောင့် မြန်မာအပါဝင် အာရှစစ်မျက်နှာမှာ စစ်ပွဲတွေ ရပ်ဆိုင်းခဲ့ပါတယ်။ အဲဒီအချိန်က ဒုတိယကမ္ဘာစစ် မြန်မာပြည်သိမ်းတိုက်ပွဲတွေမှာ ပါဝင်ဆင်နွဲခဲ့တဲ့ ဦးကျော်သိန်းလွင်ကို သူရဲ့ အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး ဧရာဝတီက တွေ့ဆုံမေးမြန်းထားပါတယ်။
အင်တာဗျူး – ဇင်လင်းထက်
ရိုက်ကူး/တည်ဖြတ် – ဇင်မိုးဝါ