ကိုယ်တိုင်ပဲ သုံးသုံး၊ လက်ဆောင်ပဲ ပေးပေး လိုရာသုံးနိုင်မယ့် Celebrity Gift Card တွေကို uab ဘဏ်က မြန်မာနိုင်ငံမှာ ပထမဦးဆုံး မိတ်ဆက်လိုက်ပါပြီ။
uab ဘဏ်နဲ့ Celebrity တွေဖြစ်တဲ့ ပိုင်တံခွန်၊ ပန်းရောင်ခြယ်တို့ ပူးပေါင်းစီစဉ်ထားတဲ့ Celebrity Gift Card တွေဟာ ဈေးဝယ်ပဲ ထွက်ထွက်၊ အစားအသောက်ပဲ စားစား၊ ဖျော်ဖြေရေးပဲ ကြည့်ကြည့်၊ မိမိတို့လိုရာ စိတ်ကြိုက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Celebrity Gift Card တွေကို ကိုယ့်ရဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေရဲ့ နှစ်ပတ်လည်နေ့၊ မွေးနေ့၊ မင်္ဂလာဆောင်၊ ဘွဲ့ရအထိမ်းအမှတ် စတဲ့နေ့တွေမှာ ထူးထူးခြားခြား လက်ဆောင်ပေးနိုင်ဖို့ ရည်ရွယ်ထုတ်လုပ်ထားတာပါ။
ဒီ Celebrity Gift Card တွေကို လက်ဆောင်ပေးခြင်းအားဖြင့် မင်္ဂလာဆောင်မှာ ထမင်းပေါင်းအိုး အလုံး ၂၀ လောက် လက်ဖွဲ့ခံရသလို ပစ္စည်းတမျိုးတည်း စုပြုံနေတာမျိုး မဖြစ်တော့ဘဲ လက်ခံရရှိသူအနေနဲ့ မိမိစိတ်ကြိုက်ပစ္စည်းတွေကိုပဲ ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
uab Celebrity Gift Card တွေကို လာမယ့် စက်တင်ဘာလကစပြီး uab ဘဏ်ခွဲတွေ၊ Ananda Retail Store တွေနဲ့ တခြားသော Retail Store တွေမှာ ဝယ်ယူနိုင်ပါပြီ။
Set တခုလုံး ဝယ်ယူအားပေးတဲ့ Customer တွေအနေနဲ့ ပိုင်တံခွန်၊ ပန်းရောင်ခြယ်တို့နဲ့အတူ ဘားအံမြို့ကို ခရီးထွက်ခွင့်ရမယ့် အစီအစဉ်မှာ ပါဝင်ကံစမ်းနိုင်မှာလည်း ဖြစ်ပါတယ်။
ရိုက်ကူး- အောင်ခိုင်မျိုး ၊ ဇော်နောင်လင်း
တည်းဖြတ်- အဲမလီ