ရန်ကုန်မြို့မှာတော့ ကိုဗစ်ရောဂါ ကူးစက်ပြန့်နှံ့မှုတွေ တရိပ်ရိပ်မြင့်တက်လာနေတာကြောင့် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ ရန်ကုန်တိုင်းအတွင်း မြို့နယ် ၇ မြို့နယ်ကို နေအိမ်မှာ နေထိုင်ရေး (Stay at Home ) အစီအစဉ်ကို ချမှတ်ထားပါတယ်။ မြန်မာနိုင်ငံမှာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၉၃၈) ဦးရှိပြီ ဖြစ်ပါတယ်။
စားဝတ်နေရေးအတွက် နေ့စဉ် သွားလာလုပ်ကိုင် နေကြတဲ့ ပြည်သူတွေအနေနဲ့ ကိုဗစ်ကူးစက်မြန်ရောဂါနဲ့ ပတ်သက်ပြီး ဘာတွေ စိုးရိမ်ပူပန်နေကြပါသလဲ၊ ဘယ်လိုနေ့စဉ်ဖြတ်သန်း နေထိုင်ကြပါသလဲ။
ရိုက်ကူး/ တည်းဖြတ်- အဲမလီ