ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြို့ပေါ်က ၄ ဧကလောက် ကျယ်ဝန်းတဲ့ ခြံဝန်းကြီးထဲမှာ ဆယ်ပေ ဆယ့်ငါးပေလောက် ကျယ်တဲ့ အိမ်ခန်းလေးတွေရှိပါတယ်။ အဲဒီလို အိမ်ခန်းလေးတွေကို တလ ဘတ် ၁၅၀၀ (ကျပ် ၈ သောင်းခန့်) ပေးပြီး နေထိုင်နေကြရတာဖြစ်ပါတယ်။ အားလုံးကတော့ မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသကလာသူတွေဖြစ်ကြပါတယ်။
ကျပ်ကျပ်တည်းတည်း အခန်းကျဉ်းလေးတွေမှာလူဦးရေအားဖြင့် ၇၀ ကျော်လောက်ရှိတဲ့ မြန်မာမိသားစု ၃၀ ကျော် ဒီအခန်းလေးတွေကို ငှားရမ်းနေထိုင်ကြတာဖြစ်ပါတယ်။ အားလုံးကတော့ အမှိုက်ကောက်ရောင်းသူ အပါအဝင် ကုန်ထမ်းသမား၊ လယ်လုပ်ငန်းနဲ့ ကြုံရာကျပန်း လုပ်ငန်းတွေကို လုပ်ကိုင်ကြသူတွေဖြစ်ကြပါတယ်။
အရင်တုန်းကတော့ ဒီနေရာလေးကို မှီခို လုပ်ကိုင်ပြီး အလုပ်အကိုင်တွေ ပြေလည်ကြသလို မြန်မာပြည်က မိသားစုတွေကို ထောက်ပံ့ပေးနိုင်ကြပေမယ့် ကိုဗစ် ကပ်ရောဂါ ဝင်လာပြီးနောက်မှာတော့ အကြပ် အတည်းတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
#IRWLaborRight#
ရိုက်ကူး – အောင်အောင်ထွန်း
တည်းဖြတ် – အောင်ခိုင်မျိုး