COVID – 19 ကပ်ရောဂါကာလအတွင်း မသန်စွမ်းသူတွေ သတင်းအချက်အလက် လွယ်ကူစွာရဖို့နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့အတွက် ရည်ရွယ်ဖန်တီးထားတဲ့ ညီတူ Application ကို မသန်စွမ်းသူများဘ၀မြှင့်တင်ရေးအဖွဲ့(DPDO) က ဒီကနေ့ မိတ်ဆက်ခဲ့ပါတယ်။
ဒီ Application ကို အမြင်၊ အကြား၊ ကိုယ်အင်္ဂါနဲ့ ဉာဏ်ရည်မသန်စွမ်းသူတွေအားလုံး အသုံးပြုနိုင်အောင် ဖန်တီးပြုလုပ်ထားတာဖြစ်ပြီး မသန်စွမ်းသူရေးရာနဲ့ ပတ်သက်တဲ့ သတင်းတွေ၊ ကြေညာချက်တွေ၊ ကျန်းမာရေးဆိုင်ရာ သတိပေးချက်တွေအပြင် ကိုယ်နေထိုင်ရာမြို့နယ်တွေမှာရှိတဲ့ မသန်စွမ်းရေးရာ အဖွဲ့အစည်းတွေနဲ့ အလွယ်တကူဆက်သွယ်နိုင်မယ့်နည်းလမ်းတွေကိုပါ ထည့်သွင်းထားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိအချိန်အထိ COVID – 19 ရောဂါဖြစ်ပွားသူ ၁၁၆၀၀ ကျော် ရှိတဲ့အနက် မသန်စွမ်းသူ ၆ ဦး ပါဝင်ခဲ့ပြီး ၁ ဦးသေဆုံးခဲ့ပါတယ်။
ရိုက်ကူး/တည်းဖြတ် – ဇော်နောင်လင်း