ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ရှိ တရုတ်နိုင်ငံံသားပိုင် Gust Myanmar အထည်ချုပ်စက်ရုံမှ အလုပ်သမားများသည် ထုတ်ကုန်ချုပ်လုပ်မှုဆိုင်ရာ ဝန်ဆောင်ခ ရရှိရေးအတွက် ၂၀၂၀ ဇန်နဝါရီမှစ၍ အကြိမ်ကြိမ်တောင်းဆိုခဲ့ကြသော်လည်း အောင်မြင်မှု မရရှိခဲ့ကြပေ။
ထို့ကြောင့် အလုပ်သမားများမှ သပိတ်စခန်းများဖွင့်၍ ဆန္ဒပြ တောင်းဆိုခဲ့ရာ အလုပ်သမား ၉၇ ဦးကို အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနက ၂၀၁၂ ခုနှစ် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ ပုဒ်မ ၄၆ (ဃ) ပုဒ်မ ၄၇ ဖြင့် ၂၀၂၀ မတ်လ ၁၃ ရက်နေ့တွင် စတင် တရားစွဲခဲ့သည်။
Gust Myanmar အလုပ်သမားများသည် တစ်နေ့လုပ်အားခ ၄၈၀၀ ကျပ်ဖြင့်မလုံလောက်၍ ဟုဆိုကာ လုပ်ခ တိုးပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
ဤအမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် အလုပ်သမားများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီမှ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်ဝင်းအား တွေ့ဆုံမေးမြန်းထားသည်။
ရိုက်ကူး – စိုးစံထိုက်
#IRWLaborRights
#အလုပ်သမားအခွင့်အရေး