၂၀၂၀ အထွေထွေရွေးကောက်ပွဲ အတွက် ထိုင်းနိုင်ငံကို ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများက ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံရုံး၌ အောက်တိိုဘာလ ၃ ရက်မှ ၁၈ ရက်အထိ ကြိုတင်မဲပေးနေကြသည်။
ကြိုတင်ဆန္ဒမဲလာပေးသူများအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသော မဲဆန္ဒရှင်တဦးချင်းစီ၏ ရှောင်ရန် အချက်များအပြင် အိမ်ရှင် ထိုင်းနိုင်ငံ၏ တည်ဆဲ ဥပဒေများနှင့် ကိုဗစ်ကာလ လိုက်နာရမည့် လမ်းညွှန်ချက်များနှင့်အညီ သတ်မှတ်၊ နေ့ရက်၊ အချိန်အတိုင်း လာရောက်ကြရန် သံရုံးက တိုက်တွန်းထားသည်။
ပုံမှန်နေ့များထက် စနေ၊ တနင်္ဂနွေနေ့များတွင် ကြိုတင်မဲပေးသည့် ရွေ့ပြောင်းလုပ်သားဦးရေးပိုမိုများနေခြင်းကြောင့် လူစုလူဝေး မဖြစ်စေရေး၊ ဒါ့အပြင် ကိုဗစ်ကာကွယ်ထိန်းချုပ်ရးပိုင်းတွင် သံရုံးဘက်မှ စနစ်တကျ စီစဉ်ဆောင်ရွက်ပေးစေလိုကြောင်း မဲဆန္ဒရှင်များက ဧရာဝတီကို ပြောသည်။
ဘန်ကောက်မြိို့အပါအဝင် ထိိုင်းနိုင်ငံ အနယ်နယ်အရပ်ရပ်မှ မြန်မာရွေ့ပြောင်းလုပ်သားများသည် ဘန်ကောက်မြန်မာသံံရုံးသို့ အလုပ်ပျက်ခံပြီး အခက်အခဲကြားမှ လာရောက်၍ ကြိုတင်မဲပေးကြခြင်း ဖြစ်သည်။
အင်တာဗျူး – ငြိိမ်းငြိိမ်း
တည်းဖြတ် – ငြိမ်းဇော်
#IRWLaborRights
#၂၀၂၀ ရွေးကောက်ပွဲ
#အလုပ်သမားအခွင့်အရေး