ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို တသီးပုဂ္ဂလကိုယ်စားလှယ် ဒေါ်ထုမေက ခိုင်လုံမဲ နှစ်သောင်းကျော်နဲ့ အနိုင်ရသွားတယ်လို့ သက်ဆိုင်ရာမြို့နယ်ကော်မရှင်ရုံးတွေဆီကနေ ရရှိထားတဲ့ စာရင်းတွေအရ သိရပါတယ်။
ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ကိုယ်စားလှယ်နေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၊ ရခိုင်အမျိုးသားပါတီနဲ့ တသီးပုဂ္ဂလ အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်သူ ၃ ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်း ၅ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ ရရှိထားတဲ့ စာရင်းအရ ဒေါ်ထုမေက မဲရလဒ် ၂၁၉၁၀ မဲ၊ NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်း ဒေါ်ခင်မျိုးဦးက မဲရလဒ် ၁၂၃၂၇ မဲ၊ ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ်လောင်း ဦးဦးမြင့်ကျော်က မဲရလဒ် ၁၀၈၇၇ မဲ၊ ဦးတင်ထူးအောင်က မဲရလဒ် ၆၄၆၉ မဲ၊ ဒေါက်တာ စံလှကျော်က မဲရလဒ် ၁၇၄၂ မဲ ရရှိခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းမှာ ရခိုင်ပြည်သူ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၁၀၉၄၇ ဦး ရှိတဲ့အထဲက ဆန္ဒမဲပေးခဲ့သူ ၅၃၃၂၅ ဦး ရှိခဲ့ပြီး ၄၈ ရာခိုင်နှုန်း ဆန္ဒမဲပေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ရိုက်ကူး / တည်းဖြတ် – ဇင်မိုးဝါ
ဓာတ်ပုံ – Daw Htoot May Facebook