ရွေးကောက်ပွဲနေ့ဖြစ်တဲ့ နိုဝင်ဘာ ၈ရက်နေ့ နောက်ပိုင်းမှာတော့ ရန်ကုန်၊ မန္တလေးအပါအဝင် အချို့မြို့တွေမှာ လူစုလူဝေးနဲ့ လှည့်လည်အောင်ပွဲခံတာ ရပ်ကွက်တွေမှာ စတုဒီသာကျွေးမွေးတာတွေက အခုရက်ပိုင်းမှာ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။
တဆက်တည်းမှာပဲ ကိုဗစ်ကူးစက်မြန်ရောဂါ အတည်ပြုလူနာကိန်းဂဏန်းက မြင့်တက်နေဆဲ ဖြစ်နေပြီး အနီးကပ်ထိတွေ့သူ (Contant Person) ကိန်းဂဏန်းကလည်း ထောင်နဲ့ချီပြီး ရှိလာတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
နိုဝင်ဘာ ၉ရက်၊ ၁၀ရက် နေ့တွေမှာ ရန်ကုန်ဆေးရုံကြီးကို Accident တွေ၊ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ရောက်လာတဲ့သူတွေကို စစ်ဆေးတဲ့အခါ ပိုးတွေ့သူတွေရှိနေပြီး အဲဒီလူတွေဟာ အောင်ပွဲခံရင်း ရန်ဖြစ်သူတွေလား ဒါမှမဟုတ် တခြားတနေရာမှာ ခိုက်ရန်ဖြစ်ပွားလာတဲ့လူတွေလားဆိုတာကိုတော့ အတိအကျ မသိရပေမယ့် ဒီရက်ပိုင်းအတွင်း ခိုက်ရန်ဖြစ်ပွားမှုကြောင့် ဆေးရုံရောက်လာသူတွေ ပိုများလာနေတယ်လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောဆိုပါတယ်။
ရိုက်ကူး/ တည်းဖြတ်- အဲမလီ