ဖားကန့်မြို့နယ်အတွင်း ပြီးခဲ့တဲ့နိုဝင်ဘာလ တတိယပတ်အတွင်းမှာ ပိုးတွေ့လူနာစတင်တွေ့ရှိခဲ့ပြီး လက်ရှိအထိ ပိုးတွေ့လူနာပေါင်း (၄၂)ဦးထိရှိလာနေပါတယ်။
ကိုဗစ်ရောဂါပိုးစတင်တွေ့ရှိခဲ့တဲ့ လုံးခင်းအုပ်စုအတွင်းက ဈေး၊ ဈေးဆိုင်ခန်းတချို့နဲ့ ရပ်ကွက်အတွင်းလမ်းတွေကိုလည်း လော့ဒေါင်းချပြီး အသွားအလာကန့်သတ်မှုတွေ လုပ်ဆောင်ထားသလို ဈေးဝယ်ဖို့ အချိန်ကန့်သတ်ထားပါတယ်။
ဖားကန့်မြို့နယ်အတွင်းမှာ လူဦးရေ(၃)သိန်းကျော်ရှိပြီး လုံးခင်းအုပ်စုအတွင်းမှာတော့ လူဦးရေ ၁သိန်းနီးပါး နေထိုင်နေပါတယ်။
အင်တာဗျုး/တည်းဖြတ် – ဝေနှင်းထွဋ်