ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန်တို့ တွေ့ဆုံခဲ့ကြပြီး ကချင်ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး၊ ငြိမ်းချမ်းရေးနဲ့ ကိုဗစ်ရောဂါဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးပွဲမှာ ကချင်စစ်ဘေးရှောင်များ နေရပ်ပြန်ရာမှာ စစ်မြေပြင် ဖြစ်ခဲ့တဲ့ နေရပ်ရင်းရွာတွေကို တပ်မတော်က မိုင်းရှင်းလင်းပေးဖို့ ဒေါက်တာခလမ်ဆမ်ဆွန်က အကူအညီတောင်းရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကူညီပေးမယ်လို့ ကတိပြုခဲ့ပါတယ်။
KHCC ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါက်တာခလမ်ဆမ်ဆွန်က တပ်မတော်အနေနဲ့ ကချင်ဒုက္ခသည်အရေးမှာ အကူအညီပေးတာက ငြိမ်းချမ်းရေးရရှိဖို့ လှေကားထစ်တခုဖြစ်တယ်လို့လည်း ဆိုပါတယ်။
အင်တာဗျူး – နန်းလွင်နှင်းပွင့်
တည်းဖြတ် – ကျော်သူရ