AYA SOMPO အာမခံဟာ မြန်မာပြည်သူတွေအတွက် ပိုမိုကောင်းမွန်ပြီး ကာကွယ်မှုအပြည့်အ၀ပေးနိုင်တဲ့ အလုံးစုံခရီးသွားအာမခံအသစ်ကို မိတ်ဆက်မှု ပြုလုပ်ခဲ့ပါတယ်။
ပြည်တွင်းခရီးစဉ်တွေအတွက် AYA Go Travel အာမခံနဲ့ ပြည်ပခရီးစဉ်တွေအတွက် AYA Joy Travel အာမခံတို့ ဖြစ်ပါတယ်။
ပြည်ပခရီးစဉ်တွေမှာ ခရီးဆောင်အိတ်ပျောက်ဆုံးတာကစလို့ လေယာဉ်နှောင့်နှေးခြင်း၊ မတော်တဆထိခိုက်ဒဏ်ရာရခြင်းတို့အထိ အာမခံအကာအကွယ်ပေးသွားမှာ ဖြစ်ပါတယ်။
ပြည်တွင်းခရီးသွား အာမခံမှာဆိုရင်လည်း ဆေးရုံစရိတ်၊ ဆေးကုသစရိတ်၊ တပါးသူထိခိုက်နစ်နာမှုတွေအပြင် မတော်တဆသေဆုံးခဲ့ရင်လည်း လျော်ကြေးပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် သေဆုံးသွားသူမှာ သားသမီးရှိခဲ့ရင်လည်း ထိုကလေးအတွက် ပညာရေးထောက်ပံ့ငွေပေးခြင်းဆိုတဲ့ အာမခံအမျိုးအစားလည်း ပါဝင်ပါတယ်။
AYA Go နဲ့ AYA Joy ခရီးသွားအာမခံတွေကို AYA Pay ကနေ အလွယ်တကူဝယ်ယူနိုင်မှာဖြစ်ပါတယ်။
ရိုက်ကူး – အောင်ခိုင်မျိုး၊ ကျော်သူရ
တည်းဖြတ် – ကျော်သူရ