ကုန်းတွင်းပိတ်ဒေသတခုဖြစ်တဲ့ မိုးကုတ်မြို့ဟာ ကျောက်မျက်လုပ်ငန်းကို အဓိက အားထားနေရတဲ့မြို့တမြို့ ဖြစ်ပါတယ်။ အစိုးရရဲ့ ကျောက်မျက်ဥပဒေ မူဝါဒ အပြောင်းအလဲတွေကြောင့် လုပ်ငန်းတွေ ရပ်ဆိုင်းသွားခဲ့ပေမယ့် စီးပွားရေးအစားထိုး လမ်းဖွင့်ပေးမှုတွေကြောင့် အဆင်ပြေလာချိန်မှာတော့ ကိုဗစ်က စီးပွားရေးတွေကို ရပ်ဆိုင်းပစ်ခဲ့ပါတယ်။
ဒီလိုအခြေအနေမျိုးမှာ နယ်မြေမတည်ငြိမ်မှု၊ ဆက်ကြေးတောင်းခံမှု ၊ ပြန်ပေးဆွဲခံရမှုနဲ့ ခြိမ်းခြောက်ဖမ်းဆီးခံနေရမှုတွေကြောင့် စီးပွားရေးအခြေအနေ ပိုမိုဆိုးဝါးလာနေပြီး လုပ်ငန်းရှင်တော်တော်များများလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းက ပြောပါတယ်။ ဒီလိုအချိန်မှာတောင် ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ရွေးချယ်ပွဲကို အလျင်စလို ဆောင်ရွက်လိုက်ခြင်းကလည်း လွဲမှားမှုတခု ဖြစ်လာတယ်လို့ ထောက်ပြသည်။
ရိုက်ကူး- အဲမလီ၊ အောင်ခိုင်မျိုး
တည်းဖြတ်- အဲမလီ