ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းက ရွှေကုက္ကိုမြို့သစ် စီမံကိန်းနဲ့ ဒေသတွင်း စီးပွားရေးလုပ်ငန်းတွေကို အစိုးရက စုံစမ်းစိစစ်မှုတွေ ပြုလုပ်လာတဲ့နောက် တပ်မတော်ဟာ သူတို့ရဲ့ အရာရှိအချို့က ရာထူးက အနားပေးလိုက်ပြီး ကရင်နယ်ခြားစောင့်တပ်(BGF)ကိုလည်း ဖိအားပေးမှုတွေ ပြုလုပ်လာခဲ့ပါတယ်။
ဒါကြောင့် တပ်မတော်နဲ့ ကရင်နယ်ခြားစောင့်တပ်(BGF)တို့အကြားသဘောထားတင်းမာမှုတွေရှိခဲ့ပြီး မြိုင်ကြီးငူမှာ တွေ့ဆုံဆွေးနွေးရတဲ့ အဆင့်ကို ရောက်ခဲ့ပါတယ်။
ဒီအခြေအနေမှာ BGF ရဲ့အနေအထားနဲ့ ဒေသတွင်းလုပ်ငန်းတွေနဲ့ပတ်သက်လို့ အစိုးရအနေနဲ့ ကူညီမယ်လို့ မျှော်လင့်ကြောင်း နယ်ခြားစောင့်တပ်(BGF)မှ ဗိုလ်မှူးစောတင်ဝင်းက ပြောပါတယ်။
အင်တာဗျူး – ထွန်းထွန်း
တည်းဖြတ် – ကျော်သူရ