ရခိုင်ပြည်နယ် ၊ စစ်တွေမြို့ အနောက်ဘက် IDP Camp တွင် နေထိုင် နေကြသည့် မွတ်ဆလင် ဒုက္ခသည်များမှာ နိုင်ငံတကာ အဖွဲ့ အစည်းများ၏ ထောက်ပံ့မှုများဖြင့်သာ ရပ်တည်ရှင်သန်နေကြရသည်။
၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော အရေးအခင်းကြောင့် စစ်တွေ ၊ ပေါက်တော စသည့် မြို့နယ်များမှာ မွတ်လဆင်ဒုက္ခသည်များမှာ စစ်တွေမြို့ ပင်လယ် ကမ်းစပ်အနီးဝန်းကျင်ရှိ ၊ သဲချောင်း ၊ ခေါင်းဒုက္ကာ ၊ မှန်စီ ၊ အုန်းတော စသည့် နေရာများသို့ ရွေ့ ပြောင်းနေထိုင်ခဲ့ရပြီး လက်ရှိအချိန်အထိ အစိုးရက ပြန် လည်နေရာချထားရေး အစီအစဉ်များ ဆောင်ရွက် နိုင်ခြင်း မရှိသေးပေ။
အဆိုပါ ဒုက္ခသည်စခန်းများတွင် လူဦးရေ သိန်းနှင့်ချီရှိကာ ၊ ပင် လယ်ပြင် ထွက်ပြီး ငါးရှာခြင်း ၊ ရာသီပေါ်သီးနှံများ စိုက်ပျိုးခြင်း ၊ ကြုံရာ ကျပန်းများ လုပ်ကိုင်စားသောက်ကြပြီး အများစုမှာ နိုင်ငံတကာ ထောက်ပံ့မှု မျှော်ကိုးပြီး ရှင် သန်နေထိုင်ကြရသည်။
ရိုက်ကူး – ဧရာဝတီ
တည်းဖြတ် – အောင်ခိုင်မျိုး