ရခိုင်ပြည်နယ်၊ စစ်တွေပြည်သူ့ ဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်း ၄၂၀ ကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးပေးနေပြီ ဖြစ်ပါတယ်။
ကျန်းမာရေး ဝန်ထမ်းတွေကို ဒီကနေ့ ဇန်နဝါရီ ၂၇ ရက်နေ့ နဲ့ ၂၈ ရက်နေ့တွေမှာ အသုတ်လိုက်ခွဲပြီး ဆေးထိုးပေးသွားမှာ ဖြစ်တယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်လွင်က ပြောပါတယ်။ ရခိုင်ပြည်နယ်မှာတော့ ကျန်းမာရေးဝန်ထမ်းပေါင်း ၄၄၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
သတင်းနှင့်ဓာတ်ပုံ- မင်းအောင်ခိုင် ၊ ခိုင်ရိုးလ