ဒီကနေ့မနက် ၄နာရီ ၁၅မိနစ်အချိန်မှာ အင်းစိန်မြို့နယ် စဉ့်ငူရပ်ကွက်ထဲကို အသက် ၁၈နှစ်အရွယ် သူစိမ်းတဦး ဝင်လာလို့ ရပ်ကွက်နေ လူထုက မသင်္ကာတာကြောင့် ခေါ်ယူ စစ်ဆေးရာမှာ မူမမှန်တဲ့ ပုံစံမျိုး တွေ့မြင်ရပြီး ရပ်ကွက်ကသူ့ကို ဘာမေးမေး အမှန်အတိုင်းမဖြေဘဲ သူ့ကိုထောင်ထဲ ပြန်ပို့ဖို့သာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။သူ့ဘောင်းဘီအိတ်ထဲမှာတော့ ဖုန်း ၂လုံးနဲ့ ပိုက်ဆံ ၆သောင်းကျော် တွေ့ရှိခဲ့ပြီး အဲဒီပစ္စည်းတွေက ခိုးရာပါပစ္စည်းတွေလို့ ပြန်ဖြေခဲ့ပါတယ်။
စဉ့်ငူရပ်ကွက်ထဲကို မနေ့ညကလည်း သူစိမ်း၃ ဦးဝင်ရောက်လာခဲ့တယ်လို့ ပြောပါတယ်။ အဲဒီ ၃ဦးထဲက တဦးမှာ ငှက်ကြီးတောင် ဓါးရှည်တချောင်းလွယ်ထားတယ်လို့ ဆိုပါတယ်။ ရပ်ကွက်က သံပုံးတီးအချက်ပေးသံနဲ့အတူ ဝိုင်းလိုက်ကြတာကြောင့် ထွက်ပြေးလွတ်မြောက်သွားတယ်လို့လည်း သိရပါတယ်။
ရိုက်ကူး/ တည်းဖြတ်- ဧရာဝတီ