အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်သည့် အမိန့်များကို ဆန့်ကျင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများ နေ့စဉ်ပြုလုပ်ခဲ့သည့် လှိုင်မြို့နယ် အတွင်းက ရပ်ကွက် တခုထဲကို လက်နက်ကိုယ်စီ ကိုင်ဆောင်ထားသည့် စစ်တပ်တပ်ဖွဲ့ဝင်များက အင်အား အလုံးအရင်းဖြင့် စီးနင်း တိုက်ခိုက်ခဲ့သည်။
ယနေ့ မွန်းလွဲပိုင်းက လှိုင်မြို့နယ် အမှတ် (၁) ရပ်ကွက်၊ အောင်မေတ္တာ ၆ လမ်း အတွင်း စစ်သား အယောက် ၄၀ ခန့်က ဝင်ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ အသံဗုံး၊ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခြင်းနှင့် ဆန္ဒပြသူများ အတွက် ပြင်ဆင်ထားသည့် ထမင်းဗူးများကို ကန်ထုတ်ခြင်း၊ NLD အလံနှင့် ထီးများကို ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း မျက်မြင်များက ပြောသည်။
#WhatHappenInMyanmar
#RejectMilitryCoup
————–
အမှီအခိုကင်းသည့် မီဒီယာများ လွတ်လပ်စွာ ရပ်တည်နိုင်ရေး ဧရာဝတီ ကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ် ပါသည်။
သင်၏ ကူညီမှုကို အောက်ပါလင့်ခ်အား နှိပ်၍ ဆောင်ရွက်နိုင်ပါသည်။
လွတ်လပ်သော သတင်းလုပ်ငန်း ရပ်တည်ရေး ပြည်သူများ၏ ပံ့ပိုးမှု လိုအပ်ပါသည်