အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ပန်းဘဲတန်းမြို့နယ် ၇ ရပ်ကွက်၊ ရပ်/ ကျေး ဥက္ကဋ္ဌ ဦးခင်မောင်လတ်ကို မတ်လ ၆ ရက်နေ့ည ၉ နာရီခွဲလောက်က ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်တနေ့ မနက်မှာတော့ နှလုံးရောဂါဖြင့် သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က အကြောင်းပြန်သည်။
ဦးခင်မောင်လတ် သေဆုံးမှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့၏ ပြောကြားချက်အပေါ် လူထုက အယုံအကြည် မရှိသည့် အပြင် လူမျိုးရေး၊ ဘာသာရေး အဓိကရုန်းဖန်တီးလေမလားဆိုသည့် သံသယများပင် ရှိနေကြသည်ကိုတွေ့ရသည်။
#WhatHappeningInMyanmar
#RejectMilitryCoup
————————–
အမှီအခိုကင်းသည့် မီဒီယာများ လွတ်လပ်စွာ ရပ်တည်နိုင်ရေး ဧရာဝတီ ကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ် ပါသည်။
သင်၏ ကူညီမှုကို အောက်ပါလင့်ခ်အား နှိပ်၍ ဆောင်ရွက်နိုင်ပါသည်။
လွတ်လပ်သော သတင်းလုပ်ငန်း ရပ်တည်ရေး ပြည်သူများ၏ ပံ့ပိုးမှု လိုအပ်ပါသည်